စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ admin

ကြောက်နေသည့် ငါးလေး

ရေငံငါးမွေးကန်တစ်ခုကို စီမံကြည့်ရှု ရခြင်းက မလွယ်ကြောင်း ကျွန်တော်သိလိုက်ရပါပြီ။ နိုက်ထရိတ်နှင့် အမိုးနီးယားပါဝင်မှုပမာဏကို သိရှိနိုင်ရန် အသေးစားဓာတ်ခွဲစမ်းသပ်မှု ပြုလုပ်ရ သည်။ ဗိုက်တာမင်နှင့် ပဋိဇီဝဆေးများ၊ ဆာလဖာ နှင့် အင်ဇိုင်းများထည့်ပေးရသည်။ ကြည်လင်သော ဖိုင်ဘာနှင့် မီးသွေးကို ဖြတ်စီးသည့် ရေထည့်ပေးရ သည်။
ကျွန်တော့်ငါးက သိပ်ကျေးဇူးတင်မည် ဟု သင်ထင်မည်။ လုံးဝမဟုတ်ပါ။ အစာကျွေးရန် ငါးကန်အနီးကပ်သွားလျှင် ငါးကန်ထဲ ကျွန်တော့် အရိပ်ထိုးကျသော် အနီးဆုံးခရုခွံထဲ ၎င်းတို့ ဝင်ပြေး ပုန်းကြသည်။ ၎င်းတို့အတွက် ကျွန်တော်က အလွန်ကြီးမားသော လူသတ္တဝါ ဖြစ်နေပြီး ကျွန်တော့်အပြုအမူကို ၎င်းတို့နားမလည်ပါ။ ကျွန်တော်က ကရုဏာနှင့် ပြုမူနေကြောင်း ၎င်းတို့မသိပါ။ ၎င်းတို့၏ အသိအမြင်ကို ပြောင်းလဲပစ်ရန် ကျွန်တော်က ပုံစံပြောင်းရန်လို သည်။ ကျွန်တော် ငါးအဖြစ်ပုံစံပြောင်းပြီး၊ ၎င်းတို့နားလည်နိုင်မည့် ဘာသာစကားကို ပြောရမည်။ ထိုသို့ပြုရန် မဖြစ်နိုင်ပါ။…

ဘယ်တော့မှ စိတ်မပျက်စေရာ

ကျွန်တော်ငယ်စဉ်က အိမ်အနီးပန်းခြံ၌ လျှောစီးကစားခြင်းကို အလွန်နှစ်သက်ပြီး မမေ့ နိုင်ပါ။ ကလေးနှစ်ဦးက သစ်သားပြား တစ်ဖက်စီ၌ ထိုင်ရင်း တစ်ယောက်တစ်လှည့် တစ်ဦးကိုတစ်ဦး ကန်တင်ရသည်။ တစ်ခါတစ်ရံ အကျဘက်၌ရှိသူက ပြန်မကန်တင်ပဲထိုင်နေ၍၊ အပေါ်၌ရှိသူက ပြန်ချ ပေးရန် အော်ဟစ်နေတတ်သည်။ အဆိုးဆုံးက အပေါ်ဘက်၌ရှိသူက အသာအယာပြန်မချဘဲ မိမိ ရှိသည့်နေရာမှ ခုန်ထွက်လိုက်လျှင် တစ်ဘက်လူ အကျနာလေပြီ။
တစ်ခါတစ်ရံ သခင်ယေရှုသည် ကျွန်တော်တို့ကို ထိုသို့ပြုသည်ဟု ခံစားကောင်း ခံစားရမည်။ ဘဝအတက်အကျများ တစ်လျှောက် ကိုယ်တော်အား မိမိနှင့်အတူ ရှိစေလိုသော်လည်း ဘဝတစ်ဆစ်ချိုး အကွေ့အကောက်၊ အပြောင်း အလဲများတွင် ကိုယ်တော်သည် ကျွန်တော်တို့ကို ချန်ရစ်ပြီး၊ မိမိဖာသာ နာကျင်ခံစားစေသည်၊ လဲပြို စေသည်ဟု ခံစားကောင်းခံစားရသည်။
သို့သော် ယေရမိမြည်တမ်းစကား အခန်းကြီး (၃)တွင် “ထာဝရဘုရားသည် သနားတော်မူ၍ ကရုဏာတော်သည် မကုန်သောကြောင့် ငါတို့သည်…

ဟာလေလုယ ကြွေးကြော်ကြ

လွန်ခဲ့သော ရက်အတန်ကြာက ကျွန်တော့် မိတ်ဆွေ ‘ဘော့’ သည် ရပ်ကွက်အနီး ဝန်းကျင်ရှိ အားကစားခန်းမ၌ အားသွန်ခွန်စိုက် စက်ဘီးနင်း လေ့ကျင့်ခန်းယူပြီး သူ့လက်မှ သွေး ပေါင်ချိန်တိုင်းကိရိယာကို စူးစိုက်ကြည့်နေသည်ကို တွေ့ခဲ့ရသည်။
‘ဘာလုပ်နေတာလဲ’၊ ‘ငါအသက်ရှိ သေးလားဆိုတာ ကြည့်နေတာလေ’။
‘မင်းသေပြီလို့ မင်းသိရင် မင်းဘာ လုပ်မှာမို့လို့လဲ’၊ ‘ဟာလေလုယာလို့ ကြွေးကြော် မှာပေါ့’ ဟု တောက်ပသောအပြုံးနှင့် သူပြန်ဖြေ လိုက်သည်။
ဤနှစ်ကာလများတစ်လျှောက် ‘ဘော့’၏ ကြီးမားသော အတွင်းစိတ်ဓာတ် ခွန်အားကို ကျွန်တော်တွေ့ရသည်။ ခန္ဓာပိုင်း ကျဆင်းယိုယွင်းပြီး သက်သောင့်သက်သာ မရှိသောအခြေအနေကို ရင်ဆိုင်ရင်း ကြံ့ကြံ့ခံနေသည့် ရောဂါသည် တစ်ဦးအနေဖြင့် ဘဝ၏နောက်ဆုံးနေဝင်ချိန်ကို ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းဖြင့် အသက်ရှင်သည်။ မျှော်လင့်ခြင်းကို သူတွေ့ရှိသည်သာမက သေခြင်းက သူ့ကို လွှမ်းမိုးခြောက်လှန့်ရန် မစွမ်းနိုင်ပြီ။
သေဆုံးရတော့မည့်အခြေအနေတွင် ငြိမ်သက်ခြင်း၊ မျှော်လင့်ခြင်းသာမက ဝမ်းမြောက်ခြင်းကို…

ကြင်နာသောအပြုအမူ

မိတ်ဆွေအချို့နှင့် ခရီးတစ်ခုသွားခဲ့ရာ ဆီကုန်သွား၍  လမ်းခုလတ်၌ သောင်တင်နေသည့် မိသားစုတစ်ခုနှင့် ဆုံခဲ့သည်။ ကျွန်တော့် မိတ်ဆွေက ချက်ခြင်းပင် ကူညီရန်ကမ်းလှမ်းပြီး၊ ထိုမိသားစုမှ မိခင်ဖခင်တို့နှင့်တိုင်ပင်ကာ ဓာတ်ဆီ
ဝယ်ထည့်ရန် ငွေအချို့ကူညီခဲ့သည်။ မိခင်ဖြစ်သူက
အဖန်တလဲလဲ ကျေးဇူးတင်စကား ဆိုနေ၍ “အခုလို ကူညီရတာကိုပဲ ကျွန်တော်တို့ ဝမ်းသာ ပါတယ်။ ယေရှုနာမ၌ ကူညီတာပါဗျာ” ဟု ပြန်ပြောကြသည်။ ကျွန်တော်တို့လည်း ခရီးဆက်ပြီး ဤမိတ်ဆွေများသည် လိုအပ်သူများကိုကူညီရင်း၊ ၎င်းတို့၏ ရက်ရောသောစေတနာစိတ်သည် သခင် ဘုရားထံမှ အရင်းခံထွက်ပေါ်ခြင်းဖြစ်ကြောင်း ဝန်ခံခြင်းက ဟန်ဆောင်မှုမပါပါ။
ယေရုရှလင်ဗိမာန်တော်၌  တောင်းရမ်း စားသောက်သည့် ခြေဆွံ့သူတစ်ဦးအားရှင်ပေတရု နှင့် ရှင်ယောဟန်တို့က အနာငြိမ်းစေသောအခါ၌လည်း ထိုသို့သော ဝမ်းမြောက်သော စေတနာစိတ်ကိုဖော်ပြကြသည် (တ ၃း၁-၁၀)။ ထိုသို့ ကူညီခြင်းကြောင့် အဖမ်းခံရပြီး ရုံးရောက်ဂတ်ရောက်ရတော့သည်။ “သင်တို့သည် အဘယ်သို့သောတန်ခိုး၊ အဘယ်သူ၏ နာမအားဖြင့်…

သေခြင်းကို အောင်ပြီ

မကြာမီကကြည့်ရှုခဲ့သည့် ရှေးဟောင်း ပန်းချီကားတစ်ချပ်ကို ကျွန်တော် အလွန်စိတ်တွေ့ခဲ့ သည်။  ပန်းချီကား၏အမည်က “Anastasis” ဖြစ်ပြီး၊ အဓိပ္ပာယ်မှာ “ထမြောက်ရှင်ပြန်ခြင်း” ဖြစ်သည်။ သခင်ယေရှု သေခြင်းကိုအောင်ကြောင်း  တစ်မူထူးခြားစွာ ဆွဲထားသည်။ သခင်ယေရှုသည် သင်္ချိုင်းမှထွက်လာသည်တွင်  အာဒံနှင့်ဧဝကို ခေါင်း တလားထဲမှဆွဲထုတ်လျက် ထာဝရအသက်သို့ ဝင်စားစေသည့်ပုံ ဖြစ်သည်။ ဤပန်းချီကားတွင် မနာခံမှုကြောင့် ရုပ်ပိုင်း၊ ဝိညာဉ်ပိုင်း သေဆုံးရခြင်း ကို ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်း အဖြစ်သို့ ပြောင်းလဲပစ်လိုက်သည့် သဘောတရားကို ဖော်ကျူးထားခြင်း ဖြစ်၍ အလွန်ထူးခြားပေစွ။
ကားတိုင်ပေါ် အသေမခံမီတွင် သခင်ယေရှုက ယုံကြည်သူများအား အသစ် သော ဘုန်းအသရေနှင့် ပြည့်စုံသောအဖြစ်သို့ ခေါ်ယူမည်ဟု အနာဂတ္တိစကားကို မိန့်ကြား ခဲ့သည်။ “သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကို ကြား၍၊ ထွက်ရမည့်အချိန်ကာလ ရောက်လတံ့” (ယော ၅း၂၈-၂၉)။
ခရစ်တော်သေခြင်းကိုအောင်ခြင်းကြောင့် သင်္ချိုင်းသည်နောက်ဆုံးအဆုံးသတ် မဟုတ်ပြီ။ မိမိချစ်ခင်ရသူများဆုံးပါးသွားပြီး၊…

နေ့ရက်တိုင်းသည် အီစတာပါ

ကျွန်မ၏သူငယ်ချင်း မူကြိုဆရာမက သူ့ကျောင်းသားလေးများ၏ စိတ်ဝင်စားဖွယ် အချီ အချ စကားပြောသံကို ကြားခဲ့သည်။ မာရီယာလေး က “ဘယ်သူဘုရားသခင်ကို ချစ်လဲ” ဟု မေးရာ၊ အခြားကလေးအားလုံးက “ငါချစ်တယ်”၊ “ငါလည်း ချစ်တယ်” စသည်ဖြင့် ပြန်ဖြေကြသည်။ ဘီလီ လေးက “ငါက သခင်ယေရှုကို ချစ်တယ်” ဟု ပြော ရာ၊ ကယ်လီက “သူသေသွားပြီလေ” ဟု အတွန့် တက်သည်။ “ဟုတ်တယ်၊ ဒါပေမယ့် ထမြောက်ရာ အီစတာနေ့ရောက်တိုင်း၊ ကိုယ်တော် သေခြင်းက ထမြောက်တယ်” ဟု ဘီလီ ပြန်ဖြေသည်။
အီစတာ ရှင်ပြန်ထမြောက်ခြင်း၏ အဓိပ္ပာယ်ကို ဘီလီလေး အကြွင်းမဲ့နားလည် သဘောပေါက်ရန် လိုပါသေးသည်။ သခင်ယေရှုသည် ကျွန်မတို့အားလုံးအတွက် တစ်ကြိမ်တည်း အသေခံခဲ့ပြီး (ရော ၆း၁၀၊ ဟေဗြဲ ၁၀း၁၂)၊   သေခြင်းမှ တစ်ကြိမ်တည်း…

ပရိသတ်အာရုံ

၁၉၉၃ ခုနှစ် အီစတာ တနင်္ဂနွေနေ့၌ ဘန်းဟဒ် လန်းဂါးသည် မာစတာ ဂေါက်ရိုက် ပြိုင်ပွဲ၌ အနိုင်ရခဲ့သည်။ ထိုနေ့ကို ကျွန်တော် မမေ့နိုင်ပြီ။ ဂေါက်ရိုက်သမားများအလိုချင်ဆုံး ဆုများအနက် တစ်ခုဖြစ်သည့် green jacket ဆုကိုရယူရန် ကွင်းအမှတ် ၁၈ သို့ လှမ်းသွားစဉ် သတင်းထောက်တစ်ဦးက  “ဒီနေ့ဟာ မင်းအတွက် အကြီးမြတ်ဆုံးနေ့ဖြစ်မှာဘဲ” ဟု ပြောလိုက်ရာ၊ သူက တုံ့ဆိုင်းမှုမရှိဘဲ “ကမ္ဘာ့အကြီးကျယ်ဆုံး၊ အခမ်းနားဆုံးပြိုင်ပွဲကို အနိုင်ရတာ ကြည်နူးစရာ ပေါ့။ ဒါပေမယ့် အီစတာနေ့မှာ အနိုင်ရလိုက်ခြင်းက ပိုပြီးလေးနက်ပါတယ်။ ကျွန်တော့်သခင်၊ကျွန်တော့် ကယ်တင်ရှင်ရဲ့ ထမြောက်ခြင်းကို ဆင်နွှဲရမှာ ဖြစ်တယ်” ဟု လန်းဂါး ပြန်လည်ပြောကြားခဲ့သည်။
သူ့ကိုယ်သူ ဂုဏ်ယူဝါကြွားစရာအကြောင်းရှိငြားလည်း၊ လန်းဂါးသည် ပရိသတ်အာရုံကို ယေရှုခရစ်တော်ထံသို့သာ တည်ပေးခဲ့သည်။ ယင်းသည် ရှင်ပေါလု ပြောသောစကားနှင့် တစ်ထပ်တည်းပင်။ ရှင်ပေါလုက “ထိုမျှမက၊…

ကျွန်ုပ် အသက်ရှင်၏

၂၀၁၁ ခုနှစ်က သက်ဆိုင်ရာအစိုးရဌာန မှ မှားပြီး အသက် ၅၂ နှစ်အရွယ် သားသမီးနှစ်ဦး၏ မိခင် လောရာ ဘရွတ် အပါအဝင် လူ ၁၄၀၀၀ တို့ကို  သေစာရင်းသွင်းခဲ့သည်။ ထိုကိစ္စကိုလောရာ ဘရွတ်ခမျာ ဘာမှမသိရှာပါ။ သူရနေကျ မသန်စွမ်း ထောက်ပံ့ငွေလည်းမရ၊ ချေးငွေပြန်ဆပ်ခြင်း၊  အိမ်ငှားခပေးချေခြင်းကိုလည်း ဘဏ်က လက်မခံ သောအခါ ဘာဖြစ်လို့ဘာလိမ့်ဟု သူတွေးမိသည်။ ဘဏ်သို့ သွားရောက်စုံစမ်းကြည့်မှ သူသေဆုံး သွားပြီဖြစ်၍ သူ့စာရင်းကို ပိတ်လိုက်ပြီ ဟု ဘဏ် ကိုယ်စားလှယ်က ပြောလိုက်သည်။ ၎င်းတို့ အမှား လုပ်မိသည်မှာ သေချာပါသည်။
ဧဖက်မြို့မှ ယုံကြည်သူများ၏ ဝိညာဉ်ရေးအသက်တာသည် သေနေကြောင်း ပြောသည့် ရှင်ပေါလု၏စကားမှာမူ အမှားမရှိပါ။ ဘုရားသခင်နှင့်ကွဲကွာခြင်း၊ အပြစ်၏ ကျေးကျွန်ဖြစ်ကာ (ဧ၂း၅)၊ ဘုရားသခင်၏အမျက်တော်ခံရခြင်း စသည့်အချက်များ ကြောင့် သေပြီဆိုသည့် စကားက…

အကူညီမျိုးစုံ

ကွန်နက်တီကတ်ပြည်နယ်၊ နယူး ထောင်းရှိ မူလတန်းကျောင်း၌ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အကူအညီပေးရန် လူများစွာတို့ရင်၌ လှုံ့ဆော်ခံခဲ့ရသည်။ အချို့က ဒဏ်ရာရသူများ အတွက် သွေးလှူကြသည်။ အချို့က သူတို့၏ စားသောက်ဆိုင်၌ အလုပ်သမားများအတွက် နေ့လည်စာနှင့် ကော်ဖီတို့ အခမဲ့ကျွေးမွေးသည်။ အချို့က နှစ်သိမ့်အားပေးစာများ ပေးပို့သည်။ ပွေ့ဖက်နှစ်သိမ့် မေတ္တာပြကြသည်။ အချို့က ကလေးများအတွက် မုန့်ဖိုးနှင့် ဝက်ဝံရုပ်လေးများ ပို့ပေးသည်။ အချို့မှာမူ နှစ်သိမ့်ဆွေးနွေး အကြံပေးခြင်းများ လုပ်ပေးသည်။ လူများသည် သူတို့၏အစွမ်းအစ၊ အရည်အချင်းနှင့် သူတို့၌ ရှိနေသောအရာများဖြင့် အစေခံရန် နည်းလမ်း ရှာကြံလုပ်ဆောင်ကြသည်။
သမ္မာကျမ်းစာထဲမှ ယောသပ်ဇာတ်လမ်းသည် သူ့အစွမ်းရှိသမျှ အရေးကြီးသော အခန်းကဏ္ဍမှ အကူအညီပေးခြင်းအကြောင်းဖြစ်သည် (က ၄၁း ၅၃-၅၄)။ ခက်ခဲခေါင်းပါးသည့်အချိန် ရောက်လာမည်ကို သူသိထား၍ သူ့အနေနှင့် ဘေးမကျရောက်မီ ကြိုတင်ပြင်ဆင်နိုင်ခဲ့သည်။ အဲဂုတ္တုဘုရင် ဖာရောမင်းအား အစာရေစာ…

မိသားစုဝင်ဖြစ်ရခြင်း

မောရစ် ဂရစ်ဖင်းသည် ကျွေးမွေး စောင့်ရှောက်ခံ ကလေးအဖြစ် လီဇာနှင့် ချားလ်စ် ဂေါ့ရိုးတို့ နှင့် နှစ်ပေါင်း ၂၀ ကြာ အတူနေထိုင်ခဲ့သည်။ ယခုအချိန်တွင် သူသည်အရွယ်ရောက်ပြီး မိမိ ဖာသာ သီးခြားနေထိုင်နေသော်လည်း မိသားစုဝင် အဖြစ် တရားဝင်မွေးစားခံရရန် သူအစဉ်တောင့်တ မျှော်လင့်ခဲ့သည်။ ယခု အသက် ၃၂ နှစ်တွင် သူတို့ အားလုံး ပြန်လည်ဆုံစည်းပြီး တရားဝင်မွေးစားခြင်း ကိစ္စအတည်ပြုခဲ့ပြီးဖြစ်၍  မောရစ် က “ကျွန်တော့် ဘဝမှာ ဒီအချိန်က တကယ့်အပျော်ဆုံး အချိန်ပါပဲ၊ အိမ်ကို ပြန်လာရလို့ ဝမ်းသာတယ်” ဟုဆိုသည်။
ဘုရားသခင်၏ မိသားစုဝင်ဖြစ်လာချိန်၌ ကျွန်ုပ်တို့လည်း ထိုအချိန်ကို ဘဝ၌အပျော်ဆုံးအချိန်အဖြစ် ရည်ညွှန်းကြမည်ပင်။ ကယ်တင်ခြင်းအတွက် ခရစ်တော်ကို ကျွန်ုပ်တို့ ယုံကြည်ကိုးစားသောအခါ   ဘုရားသားသမီး ဖြစ်လာပြီး ကိုယ်တော်သည်လည်း ကျွန်ုပ်တို့ အဖခမည်းတော်ဖြစ်လာသည်။ “သင်တို့ အပေါင်းသည်…